5/11/10

သင်သိ ငါသိ အားလုံးသိ၏



သင်ကောင်း-မကောင်း၊သင့်အကြောင်းကို
သင့်ခေါင်းထဲက သိပါ၏။

သင့်ကိုစောင့်ကြပ်၊ကိုယ်စောင့်နတ်လည်း
ပြတ်ပြတ်သာသား သိပါ၏။

နတ်တို့သနင်း၊သိကြားမင်းလည်း
ရှင်းရှင်းလင်းလင်း သိပါ၏။

ငရဲသနင်း၊ယမမင်းလည်း
ကွင်းကွင်းကွက်ကွက် သိပါ၏။

ဈာန်အဘိညာဉ်၊တန်ခိုးရှင်လည်း
ထင်ထင်ရှားရှား သိပါ၏။

သင်ပြုလုပ်စဉ်၊သင့်ဝန်းကျင်မှ
မြင်မြင်သမျှ၊လူနတ်ကလည်း
ဂဃနဏ သိပါ၏။

လိမ်ညာမရ၊ဤလောက၀ယ်
ဓမ္မလမ်းစဉ်၊လျှောက်လှမ်းချင်က
အသင်ပြုပြင်နိုင်သေး၏။

အရှင်နိမ္မလ3

* When one door of happiness closes, another opens; but often we look so long at the closed door that we do not see the one which has been opened forus.

Helen Keller

3/1/10